ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု (တောင်ခွဲပေါက်) တွင် တရာမဝင် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု (တောင်ခွဲပေါက်) တွင် တရာမဝင် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ



MNP ၊ မတ် ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဒေသအခေါ်(တောင်ခွဲပေါက်)  တောင်ညိုကြိုးပြင်ကာကွယ်တော အကွက်အမှတ် (၉၇)တွင် ယနေ့၊ နေ့လည်ပိုင်းက တရာမဝင် တောင်သရက်ခွဲသားများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဂွမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငြိမ်းချမ်းနှင့် ဝန်ထမ်းများသည် ဒေါင့်ချောင်းကျေးရွာအုပ်စု ဗေဒါ(၁) ဘိနယ်အတွင်း နယ်မြေအတွင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ ဒေါင့်ချောင်းကျေးရွာအုပ်စု ဒေသအခေါ် (တောင်ခွဲပေါက်) ၊ တောင်ညိုကြိုးပြင်ကာကွယ်တော အကွက်အမှတ် (၉၇)တွင်  တရားမဝင် တောင်သရက်ခွဲသား (၂၁)ချောင်း၊ (၄.၃၄၀၈)တန်၊ ကာလတန်ဖိုး (၅၂၀၈၉၆)ကျပ်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တောင်သရက်ခွဲသားများအား ဂွမြို့နယ် (၁၄)မိုင်သစ်တောစခန်းသို့ ပို့ဆောင်ရန် စီစဉ်ထားရှိပြီး သစ်တောဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)