ကျိုက်ထိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်








MNP ၊ မတ်  ၂၃.

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို မတ်လ(၂၃)ရက် မွန်းလွဲပိုင်းကကျိုက်ထိုမြို့နယ်  အထက(၁)ရာပြည့်ခန်းမ ၌ ပြုလုပ်ခဲ့သည်။

အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲတွင်  လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျိုက်ထို မြို့နယ် ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးထက်မောင်ဝင်းက ပန်းခင်းစီမံချက်ဆိုင်ရာ ရည်ရွယ်ချက်နှင့် သိသင့်သိထိုက်သည့်အရာများ၊ မြို့နယ်အတွင်း ဆောင်ရွက်နေသည့် အခြေအနေများကို အသိပညာပေး ပြောကြားရာ မြို့နယ်ပညာရေးမှူးဒေါ်သီသီ၀င်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပန်းခင်းစီမံချက်ဖြင့်ဆောင် ရွက်ခဲ့သော ကျောင်းသား(၁၂၉)ဦးကျောင်းသူ(၁၇၃)ဦး၊စုစုပေါင်း(၃၀၂)ဦးတို့အားတာ၀န်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်၀ယ်အရောက်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍လည်း ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ခု နှစ်တွင် အသက်(၁၈)နှစ်ပြည့်လာမည့်သူနှင့်အသက် ၁၈နှစ်ပြည့်ပြီးသူများကိုဥပဒေအရကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိရေးတို့ကိုလူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးတွင်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

MNP - ၀င်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)