ဂွမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက်ကြိုတင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးက သွားရောက်စစ်ဆေး၊ ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက်ကြိုတင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးက သွားရောက်စစ်ဆေး၊ ထောက်ပံ့ငွေ ပေးအပ်




MNP ၊ မတ် ၃၀

ဂွမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများစာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး  ကျေးရွာများမှ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထား ရှိမှုနှင့်လုံခြုံမှုရှိစေရေး၊  ကျောင်းသား/သူ များ စာမေးပွဲ လာရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ စာစစ်ဌာန ကျောင်းများ အပြင်စည်း၊တွင်းစည်း လုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျဆောင်ရွက်ထား ရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာများမှ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)