မိုင်းခုတ်မြို့၊ ရှုခင်းသာ(၂)ကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ ရှုခင်းသာ(၂)ကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ထောက်ပံ့ပစ္စည်းများပေးအပ်


MNP - မတ်    ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ (၂)ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်များမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နေ့လယ် ၁၁ နာရီခွဲခန့်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် သက်ကယ်မိုး၊ ဝါးထရံကာ နေအိမ်(၅)လုံးမီးလောင်ကျွမ်းခဲ့ရာ  အိမ်ထောင်စု(၅)စု၊ ကျား(၁၀)ဉီး၊ မ(၅)ဉီး၊ စုစုပေါင်း (၂၀)ဉီးကို ၎င်းတို့နှင့် နီးစပ်ရာ ဆွေမျိုးများ၏နေအိမ်တွင် ယာယီနေထိုင်ရာ ချထားပေးကြောင်းသိရသည်။

အဆိုပါ မီးလောင်ကျွမ်းရာသို့ မိုင်းဆတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဉီးစိုင်းမွန်ဆေးသောင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးဘိုဘိုဇော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး မီးလောင် ဆုံးရှုံးမှုခံခဲ့ရသော အိမ်ထောင်စု(၅)စုအား ငါးသတ္တာ(၂)ဖာနှင့် ခေါက်ဆွဲခြောက်(၂)ဖာတို့ကိုလည်းကောင်း၊ ခရိုင်ကြက်ခြေနီအဖွဲ့က ထောက်ပံ့ပစ္စည်း(၂၁)မျိုးကိုလည်းကောင်း၊ အဖြူရောင်လူငယ်အဖွဲ့က တစ်အိမ် ထောင်လျှင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၀၀၀၀၀)ကိုလည်းကောင်း၊ ဝမ်ကောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဖျာ၊ စောင်နှင့် အိမ်သုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)