သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု (၅၉.၄၀)ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု (၅၉.၄၀)ရာခိုင်နှုန်းပြီးစီး



MNP - မတ်    ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နံနက် (၉)နာရီက မြို့လယ်ဓမ္မာရုံဆေးထိုးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများမှ ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် သီပေါမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ်ထိုးနှံပေးခြင်း၊ ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသော နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် အကျုံးဝင်သူဦးရေ (၁၀၉၅၁၇)ဦးရှိသည့်အနက်  ယမန်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသည့်  ပြည်သူ(၆၅၀၆၃)ဦး၊  ထိုးနှံရန်ကျန်ရှိသူ လူဦးရေ (၄၄၄၅၄)ဦးနှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးသည့်ရာခိုင်နှုန်း(၅၉.၄၀)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)