မြိတ်မြို့တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

 




MNP -  မတ်    ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက်ယမန်နေ့ညနေပိုင်းက မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စာစစ်ဌာနကျောင်းများအား ကြည့်ရှုစစ်ဆေးရာ၌ ကျောင်းသား/သူများ စာမေးပွဲလာရောက်ဖြေဆို ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ စာစစ်ဌာနကျောင်းများ အပြင်စည်း အတွင်းစည်း လုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စာစစ်ဌာနများကို စစ်ဆေးဆောင်ရွက်ခြင်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက စာစစ်ဌာနကျောင်းများတွင် ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ မြိတ်မြို့နယ်တွင် စာစစ်ဌာန(၄)ခုတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူ စာရင်းရှိ(၁၇၁၅) ဦးရှိကြောင်း ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)