"လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ သန်လျင်၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ သန်လျင်၌ ကျင်းပ

 


MNP  -  မတ်   ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍" လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင်   အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်းက "အားကစား စိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက "အကျင့်စာရိတ္တကောင်းမွန်ရေးနှင့်မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးခေါင်းစဉ်ဖြင့်‌ ပြောကြားပြီး အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာရေးမှူးဦးဘသန်းက "စိတ်ဓာတ် ကောင်းများဖြစ်ထွန်းရေး၊ စည်းကမ်း လိုက်နာရေး ခေါင်းစဉ်ဖြင့် အသီးသီးပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ အားကစားပစ္စည်းများကို အ.ထ.က (၁)‌ ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တောင်ပိုင်း ခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

   အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်း ခရိုင်ရုံး(သန်လျင်)မှ အသိပညာပေးဓာတ်ပုံ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ၊ ခင်းကျင်းပြသပေးခဲ့ပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ရန်ကုန်တောင်‌ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက်အတွင်း သင်တန်းများ၊ ပြိုင်ပွဲများဖွင့်လှစ်ပေးမှာဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့်‌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တက်ရောက်နိုင်ပါကြောင်း ခရိုင်လက်ထောက်ညွှန်ကြားရေး ဒေါ်လှပိုမိုက ပြောကြားသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)