မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ(၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ(၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 





MNP - မတ်   ၂၆

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်း ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက အဖွင့်အမှာစကား ပြောကြားရာ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး နောက်မှပြန်လည်ရှင်သန်မည့် “Grow now, clean up later” အယူအဆဖြင့် ရှေးယခင်က ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအား ထိန်းသိမ်းကာကွယ်မှု မရှိဘဲ ဆောင်ရွက်ခဲ့ခြင်းများကြောင့် ယခုအခါ ရာသီဥတုပြောင်းလဲမှု၊ ‌ဂေဟစနစ် ယိုယွင်းပျက်စီးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ကြုံတွေ့နေရကြောင်း၊  မကွေးတိုင်းဒေသကြီးအတွင်း အများပြည်သူများအနေဖြင့် အပူချိန်သိသိ သာသာ မြင့်တက်လာသည်ကို ခံစားနေရကြောင်း၊ လာမည့်နှစ်များအတွင်း ကမ္ဘာ့လက်ရှိ အပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်ထက်မကျော်အောင် ထိန်းမထားနိုင်ပါက ကျွန်းနိုင်ငံငယ် များနှင့် ကမ်းရိုးတန်းနေပြည်သူများ၏ နေထိုင်မှုအခက်အခဲနှင့် ရင်ဆိုင်ကြရမည်ကို ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက် ရာတွင် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကို  ရှောင်ရှားနိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီညီ ပေါင်းစပ်ပေးနိုင်ရန် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒကို ၂၀၁၉ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့ကြောင်း၊ တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီအနေနှင့်လည်း  ကဏ္ဍအသီးသီးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို  ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရန်  ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်၍ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ထည့်သွင်း ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးကြောင်း ေဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်မှ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်မှု များနှင့် ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ကို‌အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)