ရမ်းဗြဲမြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ မြေပြင်ရှိ လူဦးရေစာရင်များတိကျမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ မြေပြင်ရှိ လူဦးရေစာရင်များတိကျမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ





MNP ၊ မတ် ၃၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  ရမ်းဗြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် ရမ်းဗြဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးတို့၏ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ  မြို့နယ်ဦးစီးမှူးနင့်ဝန်ထမ်းများမြို့နယ်ကော်မရှင်အဖွဲခွဲ့နှင့်သက်ဆိုင်ရာဌာနများမှဝန်ထမ်းများပူးပေါင်း၍  အခြေခံမဲဆန္ဒရှင်စာရင်များ ပြည်စုံမှန်ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနတွင်  တိုက်ဆိုင်စစ်ဆေးမှုလုပ် ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရမ်းဗြဲမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးပို့ထားရှိသော ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၈)အုပ်စုမှ လူဦးရေစာရင်းများနှင့် ရမ်းဗြဲမြို့ပေါ်ရှိ ရပ်ကွက် (၆) ရပ်ကွက်နှင့် လေးတောင်မြို့ရှိ ရပ်ကွက်(၅) ခုမှ အခြေခံမဲဆန္ဒရှင်များစာရင်းကို အချိန်နှင့်တပြေးညီ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းကိုရမ်းဗြဲမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)