ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာအနီးရှိ ကြက်မွေးမြူရေးခြံ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာအနီးရှိ ကြက်မွေးမြူရေးခြံ မီးလောင်မှုဖြစ်ပွား




MNP ၊ မတ်  ၃၁

ရခိုင်ပြည်နယ် ၊ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာအနီး မင်းပြား- ပေါက်တော ကားလမ်းဘေးတွင် ဆောက်လုပ်ထားသည့် ကြက်မွေးမြူရေးခြံတစ်ခြံ၌ ယနေ့ နံနက် (၅နာရီ ၃၀ မိနစ်)အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာအနီး မွေးမြူရေး ကြက်ခြံတစ်ခြံ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်းကို ‌ရွာချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးမှ ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားလာ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်း နှင့်တပ်ဖွဲ့ဝင်များက အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့၍ နံနက်  ၅ နာရီ ၄၀ မိနစ်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။မီးလောင်ကျွမ်းမှုကြောင့် ကြက်ခံအတွင်းရှိ အသားစားကြက် (၄၀၀)ကောင်နှင့် ဥစား ကြက်ပေါက် (၇၀၀)ကောင် စုစုပေါင်းကာလတန်ဖိုး( ၃၅)သိန်းကျပ် ဆုံးရှုံးခဲ့ပြီး ကြက်ခြံပိုင်ရှင် ဒေါ်သန်းသန်ဦးအား မီးကိုပေါ့ဆစွာ သုံးစွဲခြင်းကြောင့် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)