ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၁၄၄၇၁၉) ဦးရှိပြီး ဒုတိယအကြိမ်ထိုးနှံပြီးစီးသူ (၉၃၇၇၈)ဦးရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၁၄၄၇၁၉) ဦးရှိပြီး ဒုတိယအကြိမ်ထိုးနှံပြီးစီးသူ (၉၃၇၇၈)ဦးရှိပြီဖြစ်




MNP - မတ်   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများကို မတ်လနှင့်ဧပြီလအတွင်း ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အလေးထားဆောင်ရွက်လျက်ရှိရာ၊ မတ်လ(၂၆)ရက်နေ့အထိ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ (၁၄၄၇၁၉)ဦး ရှိပြီး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ(၉၃၇၇၈)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်တွင် ပုံမှန်အထိုင်ဆေးထိုး စုရပ် (၂)ဖွဲ့နှင့် နယ်လှည့် ဆေးထိုးအဖွဲ့(၇)ဖွဲ့တို့ဖြင့် ဆောင်ရွက်လျက် ရှိပြီး၊ မြို့အဝင်/အထွက်များတွင် ကာကွယ်ဆေးထိုးနှံပြီး စီးကြောင်းလက်မှတ် QR Code စစ်ဆေးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသူများအား အဆိုပါ စစ်ဆေးရေးဂိတ်များတွင် တစ်ပါတည်း ထိုးနှံပေးခြင်းများဆောင်ရွက်လျက်ကြောင်းနှင့် မတ်လကုန်သည်အထိ အကျုံးဝင်သူ လျာထားဦးရေ မပြည့်မီပါက ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကောက်သင်းကောက်စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)