မုဒုံမြို့နယ် ထုံမံကျေးရွာတွင် လယ်ယာကုန်ထုတ်တံတားတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် ထုံမံကျေးရွာတွင် လယ်ယာကုန်ထုတ်တံတားတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး





MNP -  မတ်   ၂၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ထုံမံကျေးရွာတွင် လယ်ယာကုန်ထုတ်တံတားကို မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လယ်ယာကုန်ထုတ်တံတားကို ၂၀၂၁ -၂၀၂၂ ခုခြောက်လဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေကျပ် ၂၀  ဒသမ  ၇၉  ကျပ်သန်းဖြင့် အရှည် ၁၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၇ ပေကို ပြည့်လျှံထူး ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း၊ ယခုအခါတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူ များ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ၏ ဒေသထွက် ကုန်ပစ္စည်းများ ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများကိုဖောက်လုပ်တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)