(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်လမ်း၊ ရေကျော်-လှိုင်းပုံ-လှာကမြင် လမ်း၊ အားကစားရုံအဝင်လမ်းများနှင့်လှာကမြင်ဈေးသစ်တို့အား ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်လမ်း၊ ရေကျော်-လှိုင်းပုံ-လှာကမြင် လမ်း၊ အားကစားရုံအဝင်လမ်းများနှင့်လှာကမြင်ဈေးသစ်တို့အား ဖွင့်လှစ်






MNP - မတ်   ၂၈

(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် မဲဘောင်-နောင်ပလိန်လမ်း၊ ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်းနှင့် အားကစားရုံအဝင်လမ်းများဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းများမုခ်ဦး၌ ကျင်းပသည်။

လမ်းများဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျေးလက်လမ်း၊တံတားလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နှင့်မြို့ပြအချိုးညီစွာ ဖွံ့ဖြိုးတိုးတက် လာပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ်သွားလာနိုင်ပြီး အမျိုးသားပို့ဆောင် ရေးပင်မစီမံကိန်းအား အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတားများ တည်ဆောက်ရာတွင် အတူတကွပူးပေါင်းပါဝင်ကူညီပေးကြရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင် စကား ပြောကြားကာ ညွှန်ကြားရေးမှူး (မြို့ပြ)က ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင် များပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာ ဝန်ကြီးဦးစိုးလွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်နှင့် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်တို့က အဆိုပါလမ်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကြကာ လမ်းများအား ဖြတ်သန်းကြည့်ရှု၍ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်လမ်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေ ကျပ် ၁၂၅၄ ဒသမ ၂၆၁ သန်းဖြင့် ဝေပုံမြကုမ္ပဏီနှင့် First Azure Co.,Ltdတို့မှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဲဘောင်-နောင်ပလိန်လမ်းကို ဘားအံ-လှိုင်းဘွဲလမ်းထိပ် မှ အားကစားရုံအဝင်လမ်းဆုံထိ ၇ ဖာလုံအား ၂၄ ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် လည်းကောင်း၊ ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်း ၆ ဖာလုံအား ၂၄ ပေ အကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း၊ ၁ မိုင် ၃ ဖာလုံကို ၂၄ အကျယ် ကွန်ကရစ်လမ်းအဖြစ် လည်းကောင်း၊ အားကစားရုံအဝင်လမ်း(၂)လမ်း အရှည် ၂ ဖာလုံအား  ၂၄ ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)