ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်းစီမံချက် လျာထားချက် ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်းစီမံချက် လျာထားချက် ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြား




MNP ၊ မတ် ၈

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လျာထားချက် ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးမှာကြားခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသအသီးသီးမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်သည် ယခုအခါ (၁၀) လ ကျော်ကြာရှိပြီ ဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး တို့သည် စီမံချက် လျာထားချက်ကို တိုင်းလုံးကျွတ်ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အခြား တိုင်းဒေသကြီး/ပြည်နယ်များသည် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ပြီး ကန့်သတ်ချက် တစ်ချို့ကြောင့် မြို့နယ်တိုင်း၏ လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ခြင်း မရှိသေး၍ တိုင်းလုံးကျွတ်ပြီးစီးသည်ဟု မသတ်မှတ်သေးပါကြောင်း၊ စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သည့် ကန့်သတ်ချက်များရှိ စေကာမူ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။


ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် စီမံချက်တစ်ခု ဖြစ်သကဲ့သို့ နိုင်ငံသား တစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဆိုင်ရာ အထောက်အထား တစ်ခုရရှိနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် အစိုးရအဆက်ဆက် ဆောင်ရွက် ပေးလျက် ရှိသည့် လုပ်ငန်းတစ်ခု ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် မရှိသေးသူများ ကျန်ရှိနေ သေးပါကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်နိုင်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ပြည်သူများအား အမြဲမပြတ်ရှင်းလင်း ချပြကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှုများနှင့် အခြားသောနိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက် ကြရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို သက်ဆိုင်ရာ တာဝန်ရှိ သူများက လာမည့် ဧပြီ (၁)ရက် နံနက်(၆)နာရီမှစ၍ လိုအပ်သလို စစ်ဆေးဆောင်ရွက်မည့်အကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်းအား ပြီးခဲ့သည့် မတ် (၅)ရက်က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းထုတ်ပြန်ချက်သည် နိုင်ငံသားအားလုံး မဖြစ်မနေ နိုင်ငံသားကတ် (မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ပြည်သူများအား ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် အလေးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိဌာန ဝန်ထမ်းများသည် သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်ကြရမည်ဖြစ်ရာ ယင်းသို့ဆောင်ရွက်ရာ တွင်လည်း ခရီးလမ်းပန်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် ဒေသ အာဏာပိုင်များ၊ ဆက်စပ်ဌာနများအား ရှင်းလင်း အသိပေးထားကြရန်လိုကြောင်း၊ ထို့ပြင် ဌာန၏တာဝန်ရှိ သူများသည် မိမိတို့လုပ်ငန်း ဆောင်ရွက်မှုများအပေါ် သိရှိနားလည်ပြီး ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာန များမှ တာဝန်ရှိသူများအား ရှင်းလင်းချပြ အသိပေးဆောင်ရွက်ကြရန်နှင့် ဌာနမှဝန်ထမ်းအားလုံး ကိုလည်း သိရှိနားလည်စေရေး အမြဲမပြတ် ထိတွေ့ရှင်းလင်း ပြောကြားကြရန်လိုကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက်အခဲ များနှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် တင်ပြဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)