ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် မိဘပြည်သူများသို့အသိပေးပန်ကြားချက် ဆိုင်းဘုတ် စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် မိဘပြည်သူများသို့အသိပေးပန်ကြားချက် ဆိုင်းဘုတ် စိုက်ထူ



MNP ၊ မတ် ၂၈ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံသား(မှတ်ပုံတင်)ကိုင်ဆောင်သင့်သည့် ကတ်တစ် မျိုးမျိုးအား ပြသစစ်ဆေးခံနိုင်ရေး နှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး "မိဘပြည်သူများသို့ အသိပေးပန်ကြား ချက်”ဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံး က စိုက်ထူပေးခဲ့ကြောင်းသိရသည်။ 


ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဖေနှင့် ဝန်ထမ်းများ က ခရီးသွားလာပြည်သူများနှင့် အများပြည်သူများ မြင်သာနိုင်သည့် ထားဝယ်မြို့အဝင် ပေါက်တိုင်း တံတား၊ ဗျောတောဝရပ်ကွက်၊ အိမ်ရှေ့ပြင်ရပ်ကွက်စသည့် စစ်ဆေးရေးဂိတ်များတွင်  "မိဘပြည်သူများသို့ အသိပေးပန်ကြားချက်”ဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့သည်။ 


အသိပေးပန်ကြားချက်ဆိုင်းဘုတ်တွင် မြို့နယ်ပြင်ပသို့ထွက်ခွာသည့်အခါ(လဝက)မှ ထုတ်ပေးသော နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ အမျိုးသားမှတ်ပုံတင်ကတ်(သုံးခေါက်ချိုး)တို့ကို ခရီးသွားတိုင်းယူဆောင်သွားကြပါ၊  မှတ်ပုံတင်ရှိ/မရှိ စစ်ဆေးနေခြင်းသာဖြစ်ပါသည်၊ တာဝန်ရှိသူများမှယာဉ်ပေါ်တွင် လာရောက်စစ်ဆေးပါက မှတ်ပုံတင်များကို မြင်သာအောင် ထောင်ပြပြီးကူညီကြပါ၊ မှတ်ပုံတင်မပါရှိပါက မိမိနေရပ်ကို ပြန်လည်ရောက်ရှိသည့်အခါ လျှောက်ထားနိုင်ရေးအတွက် ကူညီနိုင်ရန် အမည်၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်အမှန်ပေးကြပါ စသည်တို့ပါဝင်ကြောင်းသိရသည်။ 


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)