MNP - မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ကူးစက်မှုများပြားလာသဖြင့် မြို့နယ်အတွင်းတွင်လည်း Quarantine Centre များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ မိမိတို့မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းအား ၆၅ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ပြီဖြစ်ပြီး ပန်းခင်းစီမံချက်အနေဖြင့် ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အခြေခံလူဦးရေစာရင်းပြုစုခြင်းအား ယခုလကုန်တွင် ပြီးစီးနိုင်ရေး လူအင်အားဖြည့်တင်း ဆောင် ရွက်ရမည့် အခြေအနေများအား လမ်းညွှန်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းသန်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment