မြောက်ဦးမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအားမိုင်းအန္တရာယ်ဆိုင်ရာအသိ ပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအားမိုင်းအန္တရာယ်ဆိုင်ရာအသိ ပညာပေးဟောပြော



MNP - မတ်    ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်စင်းဘောကိုင်းကျွေးရွာ တွင်ဖွင့်လှစ်ထား သောယာယီတိုက်ပွဲရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြ သောပြည်သူများသို့ သွားရောက် ပြီး ယနေ့ နံနက် ၉နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှတပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်း များသို့သွားရောက်ကာမိုင်းအန္တရာယ်အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါမိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းကိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီ တပ်ခွဲမှူး ဒေါ်သူဇာဌေး ဦးဆောင်သောတပ်ဖွဲ့ဝင်များကစင်းဘောကိုင်းကျွေးရွာများရှိ ယာယီ ခိုလှုံရာ တိုက်ပွဲရှောင်စခန်းအတွင်းရှိနေထိုင်ကြသပြည်သူများအနေဖြင့် အနီးအနား ပတ်ဝန်း ကျင် များတွင်မြေမြှပ်မိုင်း အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိုင်းအန္တရာယ်နှင့်ပတ်သက် သောသိသင့်သိထိုက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မိုင်းအန္တရာယ်အသိ ပေးအ မှတ်အ သားများ၊ ပေါက်ကွဲစေတတ် သော မိုင်းများအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာလိုက် နာရမည့်အချက်များအားအဆိုပါ တိုက် ပွဲရှောင်စခန်းများရှိပြည်သူ များ ကျယ် ကျယ် ပြန့် ပြန့်သိရှိစေရန် မိုင်းအန္တရာယ် အသိပညာပေးခြင်းများဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)