မိုင်းခတ်တွင် နွေရာသီအားကစားအ‌ခြေခံသင်တန်းစတင်ဖွင့်လှစ်၍ အခမဲ့သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်တွင် နွေရာသီအားကစားအ‌ခြေခံသင်တန်းစတင်ဖွင့်လှစ်၍ အခမဲ့သင်ကြားပေး

 



MNP - မတ်    ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစား အခြေခံသင်တန်းကို မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ယမန်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို စသည့် အားကစားနည်း (၃)မျိုးကို ၂၅-၃-၂၀၂၂ရက်နေ့မှ ၈-၄-၂၀၂၂ရက်နေ့အထိ(၁၄)ရက်ကြာ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ယနေ့အထိ လာရောက်သင်ကြားသူ ကျား၊ မစုစုပေါင်း (၅၀)ဦးခန့်ရှိပြီး ထပ်မံစာရင်းပေးသွင်းမည့် သင်တန်း သားများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရ သည်။

မိုင်းခတ်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်း ရေး၊ မြို့နယ်/ခရိုင်/ပြည်နယ် ကိုယ်စားပြု အားကစားသမားများမှတဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာ စေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန်ရည်ရွယ်၍ နွေရာသီ အားကစားအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး  နံနက် (၈)နာရီမှ နံနက် (၁၀)နာရီနှင့် မွန်းလွှဲ (၃)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ်သင်တန်းချိန်(၂)ချိန်ဖွင့်လှစ်၍ သက်ဆိုင်ရာ အားကစားနည်းပြများက အားကစား အမျိုးအစားအလိုက် စနစ်တကျ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်‌ဌေး ထံမှသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)