MNP - မတ် ၂၈
ရှမ္းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စု၊ နမ့်မုတ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ဘယ်သွားသွား နိုင်ငံသား (မှတ်ပုံတင်)ကတ် ယူဆောင်သွားဖို့ မမေ့ပါနှင့် အသိပေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပေးဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းယန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းသောင်းရွှေ နှင့် ဝန်ထမ်းများက မိုင်းလွေကျေးရွာ အုပ်စု၊ နမ့်မုတ်ကျေးရွာပြည်သူများအား ပန်းခင်းစီမံချက် စတင်သည့် ၂၀၂၁ မေလ ၅ ရက်နေ့မှ ယနေ့အထိ ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် Door to Door စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ခရီးလွန်သူများသာ ဆောင်ရွက်ရန်ကျန်ပြီး ခရီးမှ ပြန်ရောက်လာပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်ဦးစီးမှူးရုံးသို့ အကြောင်း ကြားပေးရန်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ရရှိကိုင်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသား (မှတ်ပုံတင်) ကတ် ပျောက်/ပျက်/ လဲလှယ်ကို မြို့နယ်ဦးစီးမှူးရုံးတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံသားတိုင်း၏ လူမူဘဝပြည့်စုံဖို့ နိုင်ငံသား(မှတ်ပုံတင်)ကတ် ရရှိကိုင်ဆောင်နိုင်ခြင်း ရှိ/မရှိ စိစစ်နိုင်ရန် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှစတင်၍ နိုင်ငံသား(မှတ်ပုံတင်)ကတ်များ စစ်ဆေးသွားမည် ဖြစ်ကြောင်း “မိဘပြည်သူများသို့ အသိပေးကြေညာခြင်း” လုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာကြသည့် နမ့်မုတ်ကျေးရွာပြည်သူများအား ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
သတင်း - ခွန်ရဲထွေး
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment