သရက်ချောင်းမြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


MNP - မတ်   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့် အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်) မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိအကြိမ်) ထိုးနှံရန်ကျန်ရှိသူများ၊ ထပ်ဆောင်းကာကွယ်ဆေး  Booster Doseနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား(ပထမ/ ဒုတိယ)အကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ်စနစ်တကျထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး (ပထမအကြိမ်)မထိုးနှံရသေးသော ပြည်သူနှင့် (ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ၊(တတိယအကြိမ်) ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးရန်ကျန်ရှိသူ များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား (ပထမ /ဒုတိယ)အကြိမ် ကာကွယ်ဆေးများ ထိုးနှံကျန်ရှိသူများအားကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ် ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

သတင်း - သားကြီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)