မော်လမြိုင်မြို့၌ မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၌ မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေး



MNP - မတ်    ၃၀

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကော့ကွန် ကျေးရွာနှင့် စဉ့်အိုးဖိုကျေးရွာမြစိမ်းရောင်ကြီးကြပ်မှု ကော်မတီများအား ထုတ်ချေးပေးခဲ့သော မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရံပုံငွေ၊ အဋ္ဌမအကြိမ် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၉ ရက်၊ နံနက် ၁၁ နာရီ အချိန်တွင် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှုးနှင့် ဒုတိယဦးစီးမှူးတို့မှ မြစိမ်းရောင် လည်ပတ်ရံပုံငွေ ပြန်လည် ထုတ်ချေးမှုအခြေအနေ၊ လုပ်ငန်းစာရင်းဇယား ဆောင်ရွက်မှုအခြေအနေ၊ အတိုးရငွေအပေါ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ရှေ့ဆက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

မြစိမ်းရောင်ကြီးကြပ်မှုကော်မတီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဌာနှစ်အတွင်း မော်လမြိုင်မြို့နယ် ကော့တွန်ကျေးရွာမှ အသင်းဝင် (၁၈၀) ဦး အားငွေ ၄၆၃၀၀၀၀၀ ကျပ်၊ စဉ့်အိုးဖိုရွာမှ အသင်းဝင် (၇၇) ဦးအားငွေ ၄၉၁၅၀၀၀၀ ကျပ်ကို ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)