ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာကျင်းပသည့် စော်ဘွားဟောင်းဈေးနေ့ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာကျင်းပသည့် စော်ဘွားဟောင်းဈေးနေ့ ကျင်းပ



MNP -  မတ်   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာအရ တစ်နှစ်လျှင်တစ်ရက်သာ ကျင်းပသည့် စော်ဘွားဟောင်းဈေးနေ့ကို ယမန်နေ့က ပါလျန်မြို့ရိုး တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။

စော်ဘွားဟောင်းဈေးနေ့တွင် ဒေသထွက်သီးနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများကို ရပ်နီးရပ်ဝေးမှ လာရောက်ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ၊ အမှတ်တရဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိပြီး‌ ဈေးသို့လာရောက်သူများက စော်ဘွားအဆက်ဆက် အရိုးအိုးများ မြှုပ်နှံရာ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာ ပူဇော်ပသကြကြောင်းသိရသည်။

ကျိုင်းတုံမြို့တွင် ရှေးဓလေ့ထုံးတမ်းအစဉ်အလာမပြတ် တစ်နှစ်လျှင်တစ်ရက်သာ ရောင်းချ လေ့ရှိသည့် စော်ဘွားဈေးသို့ လာရောက်သူအားလုံးသည် ကောင်းသောမင်္ဂလာနှင့်ပြည့်စုံပြီး ၎င်းဈေးတွင် ရောင်းချသော ပစ္စည်းဝယ်ယူပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကောင်းမွန် သည်ဟု ယူဆကာ မြို့သူ၊ မြို့သားများ၊ အနီးပတ်ဝန်းကျင်းကျေးရွာသူ၊ ကျေးရွာသားများ၊ ဧည့်သည်များနှင့် ကလေးများမှစ၍ သက်ကြီးရွယ်အားများအထိ စော်ဘွားဈေးသို့ လာရောက် လည်ပတ်၍ ဈေးဝယ် ကြကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)