မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီဝင်များအား အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီဝင်များအား အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - မတ်   ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စည်းရုံးရေး ကော်မတီဝင်များအား အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက စည်းရုံးရေး ကော်မတီဝင်များအား အသိပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ အမှာစကားပြောကြားပြီး  ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူးမှ အိုမီခရွန်နှင့် တုပ်ကွေး၏ကွာခြားမှု လက္ခဏာရပ်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု အခြေအနေများ၊ ဆောင်ရန်၊ရှောင်ရန်များ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်လျှပ်စစ်ရုံး တာဝန်ရှိသူမှ လူတိုင်းကိုယ်စီ လျှပ်စစ်ချွေတာသုံးကြပါ ခေါင်းစဉ်အတိုင်း လျှပ်စစ်မီး သုံးစွဲသူများအနေဖြင့် မိမိတို့ရုံး၊ အိမ်များတွင်  မလိုအပ်သော မီးများကို ပိတ်ထားစေလိုကြောင်း၊  အသုံးမလိုသော လျှပ်စစ်ပစ္စည်းများအား ပိတ်ထားသောအားဖြင့် လျှပ်စစ်မီး ချွေတာနိုင်ပြီး LED မီးလုံးများကိုသာ အသုံးပြုစေလိုကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောပြီး  စားသုံးသူရေးရာ ဦးစီးဌာနမှ ဆီစားသုံးခြင်း၏ ဆိုးကျိုးများ၊ အစားအသောက်များအား ကျန်းမာရေး ညီညွတ်အောင် စားသုံးကြရန်နှင့် စားသောက်ကုန်များ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်မီးသတ် ဦးစီးဌာနမှ  ရာသီဥတုအချိန်အခါမရွေး မီးဘေးအန္တရာယ် ကာကွယ်ဖို့လိုသည့် ခေါင်းစဉ်ဖြင့်   မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ   သာမှန်မီးလောင်မှုများ၊ လောင်စာဆီ လောင်ကျွမ်းမှုများ၊ မီးလောင်ကျွမ်းခြင်း၏ အကြောင်းအရင်းများ  မီးငြိမ်းသတ်နိုင်သည့် နည်းစနစ်များ အား အသိပညာပေး ဟောပြောခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရှေးဦးမီးသတ်ဆေးဘူး အဝတ်စိုဖြင့် မီးငြိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့လေ့ကျင့်စေခြင်းများအား ဆောင်ရွက် စေခဲ့ကြကြောင်း သိရသည်။

သတင်း - သက်လွင်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)