မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ညောင်ဖြူပင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမှု တို့အား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ညောင်ဖြူပင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမှု တို့အား ကြည့်ရှုအားပေး

 


MNP - မတ်    ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှဝင်းအောင်သည် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီက မုံရွာမြို့ ဒေါနံခြံရပ်ကွက်တွင် ဖွင့်လှစ်ထားသော  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးရေး ဌာနသို့ရောက်ရှိပြီး တာဝန်ရှိသူများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ စစ်ဆေးပေးနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်ပြီး   ညောင်ဖြူပင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ညောင်ဖြူပင်ကျေးရွာအတွက် စားဖွယ်မျိုးစုံကို ပေးအပ်ရာ ရပ်မိရပ်ဖနှစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက်  ညောင်ဖြူပင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ဒေသခံပြည်သူ(၈၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး COVAXIN ထိုးနှံပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစံမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)