မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး အဆောက်အဦ တည်ဆောက်မှု လုပ်ငန်း(၉၀)ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး အဆောက်အဦ တည်ဆောက်မှု လုပ်ငန်း(၉၀)ရာခိုင်နှုန်းပြီးစီး



MNP - မတ်   ၅

စစ်ကိုင်းခရိုင်၊  မြင်းမူမြို့ အောင်ဇေယျရပ်ကွက်တွင် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုတည်ဆောက်လျှက်ရှိသည့် အဆောက်အဦကို ပြည်တောင်စုအစိုးရခွင့်ပြုရန်ပုံ ငွေ(၁၁၆ဒဿမ၃) သန်းဖြင့်   Top Light ကုမ္ပဏီက    ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့တွင် စတင်တည် ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတည်ဆောက်မှုလုပ်ငန်းအနေဖြင့်  (၉၀ ) ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဆောက်အဦမှာ(၄)ခန်းတွဲ(၃)ထပ် RC အမျိုးအစား ဖြစ်ပြီး ရုံးခန်းအစည်းခန်းမများပါဝင်ပြီး  ယခုလ ဒုတိယပါတ်အတွင်း   တည်ဆောက်ရေး လုပ်ငန်းများပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း တည်ဆောက်ရေးတာဝန်ခံ ဒေါ်ပြည့်ပြည့်ထံမှ သိရှိရသည်။

သတင်း - အောင်စိုးဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)