ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)နှင့် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)နှင့် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




MNP - မတ်   ၂၃

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁ /၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လဘတ်ဂျက်မကြာမီ ကုန်ဆုံးတော့မည်ဖြစ်၍ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေးနှစ်မကုန်မီ ငွေပေးချေရမည့် လုပ်ငန်းများအားလုံး ပြီးပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ လာမည့် ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်း များအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တင်ဒါကော်မတီများကို ကြိုတင် ဖွဲ့စည်းဆောင်ရွက်ရန်၊ တင်ဒါခေါ်ယူ ရေးလုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရှိသည့် ဘဏ္ဍာရန်ပုံငွေများကို ထိရောက်အကျိုးရှိ စေရေးအတွက် စေတနာထား၍ ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀၂၂  ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်တွင် ပထမ (၅) လအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ၊ အထွေထွေပိုလျှံရန်ပုံငွေအခြေအနေနှင့် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများကို Power Point ဖြင့်လည်းကောင်း၊ ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းဆိုင်ရာ များကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်းက လျှပ်စစ်ဓာတ်အား ဖြန့်ဖြိုးပေးနေမှုနှင့် ဝန်အားထိန်းညှိ ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ပြည်နယ်လူမှုရေးဝန်ကြီး ဦးသန့်ဇင်က အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေ အရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာ များတွင်လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း၊ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်မှတ်ပုံတင်အား ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီမှစ၍ ပြသစစ်ဆေးရမည့် အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြီး တင်ပြချက်များပေါ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ဘတ်ဂျက်ပိတ်သည့် ကာလဖြစ်သည့် အတွက် ဌာနဆိုင်ရာအလိုက်ရရန်၊ ပေးရန်ကိစ္စများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ ချင်းပြည်နယ်၏ လတ်တလော အခြေအနေအရ အခက်အခဲ မျိုးစုံကြားက လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဌာနဆိုင်ရာများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း းဆောင်ရွက်ရန် အကြုံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာများအားလုံး ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန် လျာထားမှုအခြေအ နေ များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးမောင်မောင်ဆန်းက မဟာသင်္ကြန်ပွဲတော် ကာလအတွင်း နေ့စဉ်စတုဒီသာ ဧည့်ခံကျွေးမွေးမည့် အခြေအနေနှင့် ယိမ်းအဖွဲ့များ ထောက်ပံ့ရေး တို့နှင့် ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)