MNP - မတ် ၂၄
စစ်ကိုင်းခရိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တစ်နှစ်ပြည့်ဆောင်ရွက်မှု မှတ်တမ်း စာအုပ်ထုတ်ဝေနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်နှင့်အညီ ဆောင်ရွက်ခဲ့မှုများကို မိမိတို့ဌာနများမှ သက်ဆိုင်သောကဏ္ဍ အလိုက် မှတ်တမ်းများ ပြုစုပေးပို့ရေး အစီရင်ခံစာ(မူကြမ်း)စိစစ်အတည်ပြုရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အမြန်ဆုံးပေးပို့ သွားကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ပြုစုဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇော်မြင့်နိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment