ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာတွင် မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာတွင် မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်


MNP - မတ်     ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သားငါးမွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အဆိုပါ မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နိုင်ငံတော်အစိုးရမှ မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေများ ထုတ်ချေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်၍ စီမံကိန်း လုပ်ငန်းအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေ တိုးတက်ရရှိရေး ၊ စားနပ်ရိက္ခာဖူလုံ၍ နှစ်စဉ် တစ်ဦးချင်း အသား ၊ နို့ ၊ ဥ စားသုံးမှု တိုးတက်လာစေရေး၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ် ရရှိပြီး ကျေးရွာလည်ပတ်ရန်ပုံငွေ ထူထောင်ရေး၊ ကျေးရွာလည် ပတ်ရန်ပုံငွေစနစ်တွင် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် သတ်မှတ် အတိုးငွေထည့်ဝင်ပြီး တိုးပွားလာသော အတိုးငွေ၏အချို့ကို မွေးမြူရေးကိုအခြေခံသည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရေးစသည့် စီမံကိန်း၏ မူဘောင်များအတိုင်း အောင်မြင် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွာ ကြစေ လိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာကြည်ပြာဝင်းရွှေ က ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၅၁ ဒသမ ၆၅ သန်းဖြင့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ ပေးအပ်ရခြင်းနှင့် စီမံကိန်းလုပ်ငန်းတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများကိုယ်စား ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်သန်းက စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစု ဝင်ငွေတိုးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အရှေ့လေးအိမ်ကျေးရွာမှ ဒေသခံကျေးလက်နေ ပြည်သူများ ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင် နိုင်ရေးအတွက် ပဉ္စမအကြိမ်မြောက် စီမံကိန်းရန်ပုံငွေ အတိုး/ အရင်း ငွေကျပ် ၅၁ ဒသမ ၆၅ သန်း အား တာဝန်ရှိသူများထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)