တောင်ဥက္ကလာပမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ

 






MNP - မတ်    ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးအား ပြသစစ်ဆေးခံနိုင်ရေးနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး "မိဘပြည်သူများသို့ အသိပေးပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်ကို ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် ရွှေမန်းသူ အဝေးပြေးကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးက စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ဥက္ကလာပ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးနှင့် ဝန်ထမ်းများက ခရီးသွားလာပြည်သူများနှင့် အများပြည်သူများမြင်သာနိုင်သည့် တောင်ဥက္ကလာပမြို့နယ် ရွှေမန်းသူအဝေးပြေးကားဂိတ်နှင့် လူစည်ကားရာနေရာများတွင်  "မိဘပြည်သူများသို့ အသိပေးပန်ကြားချက်ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့သည်။

အဆိုပါမိဘပြည်သူသို့ အသိပေးပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်တွင် ၂၀၂၂ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ပြုလုပ်ရာတွင် နိုင်ငံသားကတ် (မှတ်ပုံတင်)တပါတည်းယူဆောင်သွားရန် ထောက်ခံစာဖြင့်ခွင့်မပြုတော့ပါ။ အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား(၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂)နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါလိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်) အား(၁-၄-၂၀၂၂)နေ့(၀၆း၀၀)နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။ နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။ နိုင်ငံသားကတ်(မှတ်ပုံတင်) အတုကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းလည်း အသိပေးအပ်ပါသည်။ ၂၀၂၂ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်၍ ထောက်ခံစာဖြင့် ခရီးသွားခြင်း၊ တည်းခိုနေထိုင်ခြင်း ခွင့်မပြုတော့ပါ။ နိုင်ငံသားကတ်(မှတ်ပုံတင်)အသုံးပြုရမည့် နေရာတိုင်းတွင် ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။ တာဝန်ရှိသူမှစစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရန် ပြည်သူလူထုမှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး စသည်တို့ပါဝင်ကြောင်း သိရသည်။

သတင်း - ခင်ဆွေနှင်း

 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)