တာချီလိတ်မြို့တွင် နိုင်ငံ့ဝန်ထမ်းများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့တွင် နိုင်ငံ့ဝန်ထမ်းများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုထိုးနှံပေး



MNP - မတ်    ၉

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်းများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိရာတွင် ယခင်က CoviShield ထိုးနှံပြီးသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့ လာရောက်ထိုးနှံသူ နိုင်ငံ့ဝန်ထမ်းဦးရေ( ၆၅၀)ဦးရှိပြီး ကျန်ရှိသူများအား ဆေးရောက်ရှိပါက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးထံမှ သိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)