ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ပေါက်ခေါင်းမြို့ဥပဒေရုံးသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ပေါက်ခေါင်းမြို့ဥပဒေရုံးသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်



MNP -  မတ်   ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးစိုးလွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် တာဝန်ရှိသူများအဖွဲ့သည် ယနေ့နံနက် ၈ နာရီအချိန်က ပေါက်ခေါင်းမြို့ ဥပဒေရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိ ဦးခင်မောင်လွင်က ရုံးဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်း လင်း တင်ပြသည်။ ဆက်လက်ပြီး ပျူနွယ်ဖွား ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဦးထွန်းထွန်းဝင်းက ပေါက်ခေါင်းမြို့နယ် ဥပဒေရုံးအကြီးစား ပြင်ဆင်ဆောက်လုပ်ခြင်းမှတ်တမ်းအား တိုင်းဒေသကြီး ဥပဒေအရာရှိထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ဥပဒေရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဥပဒေရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်းသိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)