ပြည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ



MNP -  မတ်   ၂၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင် က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပြည်ခရိုင်ဥပဒေအရာရှိ ဒေါ်သန္တာအောင် က အကြမ်းဖျက်တိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်း က မှုခင်းကျဆင်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး က သတင်းအမှား၊ အမှန် စိစစ်ပိုင်းခြားခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက် ပါမောက္ခချုပ် က အသိပညာပေးဟောပြောသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ယင်းအသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ကြောင်း သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)