ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



MNP ၊  မတ်  ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် သရေကုန်းဘောင်းကျေးရွာတွင် ယမန်နေ့ (၁၃:၃၀ ) အချိန် စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး ကွင်းဆက် သတင်းအရ  သရေကုန် ဘောင်း ကျေးရွာ ၊  ဦးစံသိန်း(ကျား)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဇနီး ဖြစ်သူ မတင်ကြည်(မ) ၊ခင် မောင်ဦး (ကျား)၊ခိုင်မိုးလင်း(ကျား) ၊မောင်ထွေးတင်(ကျား)၊ လေးမြင့်ဦး(ကျား)၊ မာမတ်ရှော်ဟီး (ကျား) (၆)ဦးအား တွေ့ရှိ ရပြီး နေအိမ်နှင့်ခြံဝင်းအား စစ်ဆေးရှာဖွေရာ  အဝါရောင်ပုံးအတွင်းမှ ပလက်စတစ် အကြည် အိတ်ဖြင့်ထည့်ပြီး အဝါရောင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော အပြာရောင်ကပ်ခွာအိတ်အတွင်း WY/R စာတမ်းပါ လိမ္မော် ရောင်ဆေးပြား(၁၉၅)ပြားပါ (၅၀)ထုပ်၊ ပေါင်း(၉၇၅၀)ပြားစီပါ အထုပ်ကြီး(၉)ထုပ် စုစုပေါင်း ဆေးပြား(၈၇၇၅၀)ပြား၊ အပြာရောင် ရေဗူးအတွင်းမှ ပလက်စတစ်အကြည်အိတ်ဖြင့် ထည့်ပြီး အဝါရောင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော အပြာရောင်ကပ်ခွာအိတ်အတွင်း WY/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားပါ(၅၀)ထုပ်၊ ပေါင်း(၉၇၅၀)ပြားစီပါ အထုပ်ကြီး(၁၀)ထုပ် ၊ စုစုပေါင်းဆေးပြား(၉၇၅၀၀)ပြား ၊ အပြာရောင်ရေဗူးကြီး (ဆန်ထည့်ထားသော)ဗူးအတွင်းမှ ပ လက် စတစ် အကြည် အိတ်ဖြင့် ထည့်ပြီး အဝါရောင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော အပြာရောင်ကပ်ခွာအိတ်အတွင်း  WY/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားပါ(၅၀)ထုပ် ၊ ပေါင်း(၉၇၅၀)ပြားစီပါ အထုပ်ကြီး(၂)ထုပ် စုစုပေါင်း (၁၉၅၀၀) ပြား၊ နေအိမ်အောက်ထပ် မီးဖိုဆောင်အဖီ အမိုးသွပ်ပြားကြားမှ ပလက်စတစ်အကြည်ဖြင့် အိတ်ဖြင့် ထည့်ပြီး အဝါရောင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော အပြာရောင်ကပ်ခွာ အိတ်အတွင်း WY/R စာတမ်းပါ လိမ္မော်ရောင် ဆေးပြား (၁၉၅)ပြားပြားစီပါ (၅၀)ထုပ် ၊ ပေါင်း(၉၇၅၀)ပြား ၊ အထုပ်ကြီး (၂၀)ထုပ် ၊စုစုပေါင်းဆေးပြား (၁၉၅၀၀၀)ပြား ၊ အပြာ ရောင် သံသေတ္တာဖြင့်ထည့်ထားသော  ပလက်စတစ်အကြည်အိတ်ဖြင့် ထည့်ပြီး အဝါရောင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုး ထား သည့် အပြာရောင်ကပ်ခွာအိတ်အတွင်း WY/R စာတမ်းပါ လိမ္မော်ရောင် ဆေးပြား(၁၉၅)ပြားစီပါ ၊(၅၀)ထုပ် ၊ပေါင်း (၉၇၅၀)ပြားစီပါ အထုပ်ကြီး(၃၀)ထုပ် စုစုပေါင်းဆေးပြား(၂၉၂၅၀၀)ပြား၊ နီညိုရောင်သံသေတ္တာဖြင့် ထည့်ထား သော ပလက်စတစ် အကြည်အိတ်ဖြင့် ထည့်ပြီး အဝါရောင်ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသည့်  အပြာရောင်ကပ်ခွာ အိတ် အတွင်း WY/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားစီပါ(၅၀)ထုပ် ၊ပေါင်း(၉၇၅၀)ပြားစီပါ အထုပ်ကြီး(၈)ထုပ် ၊စုစုပေါင်း ဆေးပြား(၇၈၀၀၀)ပြား ၊ JIANG တံဆိပ်ပါ စက္ကူဖာအတွင်း ပလက်စတစ်အကြည်အိတ်ဖြင့်ထည့်ပြီး အဝါရောင် ဆီစိမ် စက္ကူဖြင့်  ထုပ်ပိုးထားသော အပြာရောင်ကပ်ခွာအိတ်အတွင်း WY/R စာတမ်းပါ လိမ္မော်ရောင် ဆေးပြား(၁၉၅) ပြား စီ ပါ (၅၀)ထုပ် ၊စုစုပေါင်းဆေးပြား (၉၇၅၀)ပြား ၊ BAJA တံဆိပ်ပါ အဖြူရောင်သုံးဘီးယာဉ် ခရီးသည် တင်ထိုင်ခုံအောက် အံဝှက်အတွင်းမှ ပလက်စတစ်အကြည်ဖြင့်ထည့်ပြီး အဝါရောင် ဆီစိမ်စက္ကူဖြင့်ထုပ်ပိုးထားသော အပြာရောင် ကပ်ခွာ အိတ်အတွင်း  WY/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားစီပါ(၅၀)ထုပ် ၊ပေါင်း(၉၇၅၀)ပြားစီပါ အထုပ်ကြီး(၂၀) ထုပ်၊ စုစုပေါင်းဆေးပြား(၁၉၅၀၀၀)ပြား ၊ နီညိုရောင်သံသေတ္တာအတွင်းမှ ငွေစက္ကူရောရာပါ (၉)သိန်း၊ မူးယစ်ဆေးဝါးများ ချိပ်ပိတ်ထုပ်ပိုးရာတွင် အသုံးပြုသည့် CHS KAKU Plastic Flum ပါလေဆာစက်(၁)လုံး ၊ BAJA တံဆိပ်ပါ အဖြူရောင်သုံးဘီးယာဉ်(၁)စီး ၎င်းယာဉ်သော့တစ်ခု၊ SHAYAN-125 အမျိုးအစား ခဲနက်ရောင် ဆိုင်ကယ်(၁)စီး (နံပါတ်မပါ/လိုင်စင်စီစစ်ဆဲ) ၊ NEW ZHINENG WAVE-110 အမျိုးအစား စိမ်းနက်ရောင် ဆိုင်ကယ်(၁) စီး(နံပါတ်မပါ/ လိုင်စင်စီစစ်ဆဲ) ၊ လက်ကိုင်ဖုန်းမျိုးစုံ(၆)လုံး တို့အားတွေ့ရှိပြီး သိမ်းဆည်းရမိသည့် WY/R စာတမ်းပါ  လိမ္မော်ရောင် ဆေးပြားစုစုပေါင်း (၉၇၅၀၀၀)ပြား၊ အလေးချိန်၉၇.၅ ကီလိုဂရမ်ခန့် နှင့်အတူ မူးယစ်ဆေးဝါးထုပ်ပိုးရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို လက်ဝယ်ထားဖြန့်ဖြူးရာတွင် ပါဝင်သူများဖြစ်သော  တင်ကြည်(မ)၄၉ နှစ်၊ သရေကုန်းဘောင်ကျေးရွာ၊ ခင်မောင်ဦး(ကျား)၂၇ နှစ် သရေကုန်းဘောင်ကျေးရွာ၊ ခိုင်မိုးလင်း(ကျား)၃၉ နှစ်  သံပန်း/တံခါးလုပ်ငန်းလုပ်သူ မင်းဂံရပ်ကွက်(ဃ)တန်းအကွက်(၈)လမ်း စစ်တွေမြို့ ၊ မောင်ထွေးတင်(ကျား)(၂၆)နှစ် ကိုးတန်ကောက်ကျေးရွာ ၊ရသေ့တောင်မြို့၊ လေးမြင့်ဦး(ကျား(၃၃)နှစ် လမ်းမတော်မြောက်လမ်း၊ ကျေးပင်ကြီးရပ်ကွက် ၊စစ်တွေမြို့ ၊ မာမတ်ရှော်ဟီး(ကျား)(၁၂)နှစ် ညောင်ချောင်းကျေးရွာမောင်တောမြို့နေသူ နှင့် စံသိန်း(ကျား)(၅၃)  နှစ် သရေကုန်းဘောင်ကျေးရွာ၊ မောင်တောမြို့နေသူ(မဖမ်းမိ)တို့(၇)ဦးအား  နယ်မြေစခန်း(ပြင်ဖြူ) မယ(ပ)၄/၂၀၂၂ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်လှစ်ကာ တရားဥပဒေအရ အရေးယူနိုင်ရေး  စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ဖမ်းဆီးရန်ကျန်ရှိနေသော တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)