သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ မိုဘိုင်းဖုန်းဖြင့် သတင်းရုပ်သံ ရိုက်ကူး၊ တည်းဖြတ်၊ ပေးပို့ခြင်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ မိုဘိုင်းဖုန်းဖြင့် သတင်းရုပ်သံ ရိုက်ကူး၊ တည်းဖြတ်၊ ပေးပို့ခြင်းသင်တန်း ဖွင့်လှစ်



MNP  -   မတ်    ၃၁

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ယမန်နေ့၊ နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုကူညီရေးအဖွဲ့များပူးပေါင်းကာ မိုဘိုင်းဖုန်းဖြင့် သတင်းရုပ်သံ ရိုက်ကူး၊ တည်းဖြတ်၊ ပေးပို့ခြင်း သင်တန်း(၁/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အများပြည်သူအကျိုးရှိသည့် သတင်းများအတွက် လိုအပ်သည့်အချက်များ၊ သတင်းမီဒီယာဥပဒေနှင့်ပတ်သတ်၍ လိုက်နာ ရမည့်အချက်များ၊ သတင်းများကို အချိန်နှင့်တပြေးညီ မှန်ကန်၊ မြန်ဆန်၊ တိကျစွာဖြင့် ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးပို့ချသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် တက်ရောက်ခဲ့သင်ကြားပြီးခဲ့သည့် ဝန်ထမ်းများက မိုဘိုင်းဖုန်းဖြင့် ရုပ်သများ ရိုက်ကူးရာ၌ လိုအပ်သည်များ၊ ရိုက်ကူးထားသည့်ရုပ်သံများအား ပြည်သူစိတ်ဝင်စားအောင် တည်းဖြတ်ခြင်း၊ သတင်းနောက်ခံ ဖတ်ကြားခြင်း၊ တည်းဖြတ်ပြီးသည့် သတင်းရုပ်သံအား သတင်းဌာနသို့ပေးပို့ခြင်း စသည်တို့ကို  ပြန်လည်ဆင့်ပွားကာ လက်တွေ့သင်ကြားပေးခဲ့ ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သထုံခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ဝန်ထမ်းများ၊ သထုံမြို့နယ် အတွင်းရှိ လူမှုကူညီရေးအသင်း ၂ သင်းမှ အသင်းဝင်များ စု‌စုပေါင်း ၁၀ ဦးတို့ တက်ရောက်ခဲ့ ကြပြီး တစ်ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)