MNP - မတ် ၂၈
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြည်သူများ သင်္ကြန်ရေဖြင့် ပင်ပန်းနွမ်းနယ် မှုကို အေးချမ်းစေရန်၊ စိတ်ပင်ပန်းမှုများ ပြေပျောက်စေရန်နှင့် ပျော်ရွှင်စွာပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကို စည်းကားစွာ ကျင်းပမည် ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းကာ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက အကြံပြုဆွေးနွေးကြရန်တို့ကို အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ကုန်သည်ကြီးများအသင်းနှင့် လူမှုရေးအသင်း အဖွဲ့များက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေး၊ လုံခြုံရေးအခြေအနေများ၊ ရေရရှိရေးလုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများအား ဆွေနွေးတင်ပြခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မန်းသန်းရွှေမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment