နတ်မောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ် အရေးပါပုံနှင့် အသိပညာပေး ရှင်းလင်းခြင်း ပိုစတာများကပ်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ် အရေးပါပုံနှင့် အသိပညာပေး ရှင်းလင်းခြင်း ပိုစတာများကပ်ခြင်းဆောင်ရွက်



MNP - မတ်   ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ် အရေးပါပုံ အကြောင်း ရှင်းလင်းခြင်းနှင့် အသိပညာပေး ရှင်းလင်းခြင်း ပိုစတာများကပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် မြို့ဝင်မြို့ထွက်ဂိတ်များ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများနှင့် ရုံးဝန်းအတွင်း၌ ကပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အသိပညာပေး ရှင်းလင်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်က အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများ ပန်းခင်းစီမံချက်ကာလအတွင်း အပြီးတိုင် ပြုလုပ်သွားရေး၊ ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပါရှိမှသာ နေထိုင်သွားလာခွင့်ရရှိမည့် အကြောင်းနှင့် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပျောက်ဆုံး/ ပျက်စီးမှုများကိုလည်း သတ်မှတ်ပုံစံလျှောက်လွှာ ရယူလျှောက်ထားနိုင်ကြောင်း၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပတ်သတ်သည့် လုပ်ငန်းများကို ဌာနဝန်ထမ်းများက တိကျမှန်ကန်စွာ အခမဲ့ပြုလုပ်ပေး လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)