ထားဝယ်တက္ကသိုလ်၌ ပညာသင်ကာလစာမေးပွဲနှင့် မဟာအရည်အချင်းစစ်သင်တန်း အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်တက္ကသိုလ်၌ ပညာသင်ကာလစာမေးပွဲနှင့် မဟာအရည်အချင်းစစ်သင်တန်း အေးချမ်းစွာဖြေဆိုလျက်ရှိ






MNP ၊ မတ် ၃၀

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စတုတ္ထနှစ်ဥပဒေပညာ၊ ဒုတိယပညာသင်ကာလစာမေးပွဲ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမပညာသင်ကာလစာမေးပွဲတတိယနှစ်၊ ဂုဏ်ထူးတန်း မဟာအရည်အချင်းစစ်သင်တန်း ၊ မဟာပထမနှစ်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦး က ကျောင်းသား/ကျောင်းသူများဖြေဆိုနေစဉ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းတို့က လိုအပ်သည်များမှာကြားပြီးကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါစာမေးပွဲအား နေ့စဉ်နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိ ဖြေဆိုရမည်ဖြစ်ကာ စာမေးပွဲနှင့်သင်တန်းကို ဧပြီ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)