ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မြို့နယ်လုံး လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မြို့နယ်လုံး လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP - မတ်     ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မြို့လုံး လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မတ် ၃ ရက်၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆေးထိုးစုရပ်များခွဲ၍ စဉ်ဆက် မပြတ် ထိုးနှံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့မြို့နယ်တွင် တစ်မြို့နယ်လုံး ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူဦးရေအနေဖြင့် ၁၃၅၄၄၂ ဦးရှိပြီး မတ်လ ၂ ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၇၅၅၅၆ ဦးရှိပြီဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဧပြီလအတွင်း အပြီးထိုးနှံဆောင်ရွက်ရမည်ဖြစ်၍  တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ အနေဖြင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး လွှမ်းခြုံအောင် ထိုးနှံပြီးစီးရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရန် ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က မြို့နယ် အတွင်း ကာကွယ်ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား ဆေးထိုးစုရပ် (၄)နေရာအပြင် ဆေးထိုးအဖွဲ့များခွဲ၍ မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်/ကျေးရွာအရောက် ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်း အစီအစဉ်များနှင့် သက်ဆိုင်ရာ ဌာနအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက  ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများကို လည်းကောင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကော်မတီ အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး တစ်မြို့နယ်လုံး ကာကွယ်ဆေးလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ရပ်ကွက်/ကျေးရွာအရောက် မိုဘိုင်းစနစ်ဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။  

သတင်း  - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)