(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား စစ်တုရင်း ပြိုင်ပွဲပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား စစ်တုရင်း ပြိုင်ပွဲပြုလုပ်ပေး



MNP -  မတ်  ၂၆

သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား စစ်တုရင်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးမှ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်းများ၊ တပ်မတော်နေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ ဗဟုသု တများနှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ယင်းနောက် (အ.မ.က) က ဒါအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စစ်တုရင်ပြိုင်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ပေးခဲ့ပြီးနောက် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ရှည်များတွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရေး၊ စာကြည့်တိုက်သို့ လာရောက် စာဖတ်သည့် အလေ့အကျင့်နှင့် ပြင်ပစာပေဗဟုသုတရှာဖွေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ပြိုင်ပွဲ၊ ပြပွဲ၊ ဟောပြောပွဲများကို စဉ်ဆက်မပျက် ကျင်းပပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - တင်ဇာစိုး 

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)