ငပလီမြို့၌ အားကောင်းသော မုန်တိုင်းငယ်အခြေအနေ ထုတ်ပြန်ချက်အား ပြည်သူများသို့ အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ အားကောင်းသော မုန်တိုင်းငယ်အခြေအနေ ထုတ်ပြန်ချက်အား ပြည်သူများသို့ အသိပေးနှိုးဆော်

 


MNP -  မတ်   ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ၎င်းတို့နှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ယမန်နေ့ နံနက်(၇)နာရီ ထုတ်ပြန်ချက်များကို ပြည်သူများသိရှိပြီး ကြိုတင်ပြင်ဆင်နိုင်ရေးတို့အတွက် ငပလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ငပလီမြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်က ငပလီမြို့နှင့်ကမ်းခြေဒေသများသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့်  လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် အားကောင်းသောမုန်တိုင်းငယ်သည် (Deep Depression)သည် မြောက်ဖက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ၂၂-၃-၂၀၂၂ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း အနီးသို့ သံတွဲမြို့အနီးမှဖြတ်ကျော်ဝင်ရောက်နိုင်ပါကြောင်း၊ ထိုသို့ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မြစ်ငယ် ချောင်းငယ်နှင့် တောင်ကျချောင်းများတွင် လျှပ်တပြက်ရေကြီးခြင်း၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နေထိုင်ကြရန်နှင့် ကမ်းလွန်ပင်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ မထွက်ကြရန်၊ ကမ်းခြေအနီးရှိဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့်  (၃)ရက်စာ ရိက္ခာများ ကြိုတင်စုဆောင်းထားရှိရေးတို့ကို အသိပေးနှိုးဆော် ခဲ့ကြကြောင်း သိရသည်။

သတင်း - မြင့်မြင့်အေး

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)