ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ တက်ရောက်




MNP - မတ်    ၂၆

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကွန်ကရစ်လမ်း သစ်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ကြသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ပြည်နယ်၏ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်နှစ်တိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာငွေများလျာထားပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုံမှန်ဘတ်ဂျက်ခွဲဝေမှုအပြင် အခါအားလျော်စွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပိုလျှံရန်ပုံငွေများမှလည်း ထပ်မံ၍ လိုအပ်လျင် လိုအပ်သကဲ့သို့ ရန်ပုံငွေခွဲဝေချထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိပါ ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင် ကျေးလက်ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ၊ သီးနှံထုတ်ကုန်များ အလွယ်တကူ သယ်ပို့နိုင်ရန် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ၊ ကျေးလက်အိမ်ရာနှင့် ကျေးလက် မီးလင်းရေးလုပ်ငန်းများကို လိုအပ်လျင် လိုအပ်သကဲ့သို့ ရန်ပုံငွေခွဲဝေဆောင်ရွက်ပေးနေပါကြောင်း၊ ယခု ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည်လည်း  ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကျေးရွာသူ၊ ကျေးရွာသားများ၏ တင်ပြချက်အရ မိုးရာသီအတွင်း သွားရေး လာရေးအခက်အခဲမရှိစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသို့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကွင်းဆင်းစိစစ်တွက်ချက် စေပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၈၀ ဒသမ ၃ သန်းဖြင့် ဆောင်ရွက် ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့ဒေသအတွင်း ကွန်ကရစ်လမ်းသစ်ကြီးတစ်ခု ပေါ်ပေါလာသည့် အတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ဝမ်းသာပီတိဖြစ်နေကြသည်ကို မြင် တွေ့ရသည့် အတွက် အတိုင်းမသိကြည်နူးမိပါကြောင်းနှင့် ကွန်ကရစ်လမ်းသစ်ကြီး ရေရှည်တည်တံ့ခိုင် မြဲအောင် ဝိုင်းဝန်းထိမ်းသိမ်းပေးကြစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေက ကွန်ကရစ်လမ်းနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဦးစီးမှူးက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များအား ဖွင့်ပွဲအထိမ်းအမှတ်အလံပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာအဝင်ကွန်ကရစ်လမ်းမှာ ယခင်ကမြေသားလမ်း၊ အရှည် ၂၅၀၀ ပေ၊ အကျယ် ၂၂ ပေဖြစ်ပြီး ထိုမှတစ်ဆင့် ကျောက်ချောလမ်း အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၀ လက်မနှင့် လမ်းပေါ်ရှိ ရေပြွန်နှစ်စင်းတို့အား လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေကျပ် ၄၁ ဒသမ ၂၆ သန်းဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်းတွင် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၈၀ ဒသမ ၃ သန်းဖြင့် အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၈ လက်မအားကွန်ကရစ်ခင်းခြင်းဆောင်ရွက်ကာ လမ်းပခုံးတစ်ဖက်လျင် အကျယ် နှစ်ပေစီ တောင်မြေဖို့ခြင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)