ပင်းတယမြို့နယ်၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာတော်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာတော်အခမ်းအနား ကျင်းပ





MNP - မတ်  ၃၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ဓမ္မာရုံ၌ (၂၇.၃.၂၀၂၂)ရက်နေ့မှ (၃၁.၃.၂၀၂၂)အထိ ကျင်းပပြုလုပ်သော အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာတော်အခမ်းအနားအား အဆိုပါမြို့နယ် ဓမ္မာရုံတွင်  ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူဒါယကာ၊ ဒါယိကာမများက ရတနာမြတ်သုံးပါးအား ရှိခိုးကန့်တော့ကြ၍ ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ အရှင်စန္ဒောဘာသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များက မေတ္တာသုတ်တရားတော်ကို ချီးမြှင့်တော်မူကြပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက်မြို့နယ်သံဃနာယက ဥက္ကဋ္ဌ အရှင်သူမြတ် က အနုမောဒနာတရားချီးမြှင့်တော်မူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌထု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းပြီး၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ  အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာတော်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဇနီးဒေါ်ခင်စန္ဒာစိုး၊ သားကျော်သူရလင်း မိသားစုတို့မှ မတည်လှူဒါန်းမှုဖြင့်၊ ဌာနဆိုင်ရာများ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အလှူတော်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)