ဟိုပုံးမြို့နယ်၌ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ်၌ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

 


MNP -  မတ်    ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်၊ မြို့ဦးကွက် သစ်ရပ်ကွက်၊ တုံခမ်းရပ်ကွက်၊ အွယ်အွန့်ကျေးရွာအုပ်စု၊ ပေါင်လင်းကျေးရွာအုပ်စု၊ နမ့်ခုတ် ကျေးရွာအုပ်စုတို့တွင် လာရောက်နေထိုင်ကြသော  တိုက်ပွဲရှောင်ပြည်သူများအနက်မှ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်၅နှစ်အောက် ကလေးငယ်များ၊ အသက် (၆၀)နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူ (၆၄)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)