မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားတက်ရောက်




MNP - မတ်    ၂၇

မွန်ပြည်နယ်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်နေသည့် ပြည်နယ်တစ်ခုဖြစ် သလို ကျေးလက်နှင့် မြို့ပြဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသ နေပြည်သူ များ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများသည် (၇၇) နှစ် မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ရခြင်းနှင့် ပတ်သက်၍ မွန်ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့် ကိုက်ညီသည့် ဆောင်းသီးနှံများ ဖြစ်ကြသည့် မြေပဲ၊ နေကြာ၊ နှမ်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဏကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ သိပ္ပံနည်းကျခခေတ်မီနည်းစနစ်ဖြင့် ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းကို ၂၀၂၁- ၂၀၂၂ ဘဏ္ဏာနှစ် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ (၉၈.၄၀၆) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး မြေသားလမ်းနှင့် ဂဝံခင်းခြင်း (၇.၇၃) မိုင်ရှိ ကာ၊ အကျိုးပြုအိမ်ထောင်စု (၃၂၈) အိမ်ထောင်စုနှင့် အကျိုးပြု စိုက်ပျိုးဧက (၅၃၀) ဧကအား အထောက်အကူပြု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား များ နေထိုင်ရာဒေသ အသီးသီးတွင် ဆန်ရေစပါး ပေါကြွယ်ဝစေရေး၊ နွေစပါးအပါအဝင် ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှငနယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)