ဂွမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၇၆၉ ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၇၆၉ ဦး ဝင်ရောက်ဖြေဆိုမည်





MNP ၊ မတ် ၁၀

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၇၆၉ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဂွ မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနအဖြစ် အ.ထ.က(ဂွ)၊ အ.ထ.က-ကျိန္တလီ၊ အ.ထ.က(ဆပ်သွား) စသည်ဖြင့် စာစစ်ဌာန(၃)ခု သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းတွင်းဖြေ- ကျား(၂၁၇)ဦး၊ မ(၂၆၇)ဦး၊ စုစုပေါင်း(၄၈၄)ဦးနှင့် ပြင်ပဖြေ- ကျား(၁၄၃)ဦး၊ မ(၁၄၂)ဦး၊ စုစုပေါင်း (၂၈၅) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၇၆၉ ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲအလိုက် ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)