ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း(၇၇)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းအိမ်ရာသစ်၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း(၇၇)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းအိမ်ရာသစ်၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်ဖွင့်လှစ်








MNP - မတ်   ၂၅

(၇၇) နှစ်မြောက်တပ်မတော်နေ့ ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ပုသိမ်ခရိုင်စီမံကိန်း ရုံးဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မနက် ပိုင်းအချိန်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ 

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ် ချုပ်အောင်အောင်နှင့် စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့က အခမ်းအနားကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်သည့်ကန်ကြီးထောင့်မြို့နယ်၊ သရက်အင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်၍ ၂ လက်မအရွယ် ငါးမြစ်ချင်း အကောင်ရေ(၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်-ပေါက်ကျွန်း-စက်ကုန်းလမ်း (ကျီးတောကျေးရွာအပိုင်) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကာကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ယနေ့ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်-ပေါက်ကျွန်း-စက်ကုန်း လမ်းသည်(၇)မိုင်ရှိပြီး(၁)မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်သည့် အတွက် ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံပြည်သူများအား အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် လမ်းပိုင်းများကိုလည်း ဘဏ္ဍနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းအလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပ-ဆ-င လမ်းမှ အူကျွန်း-ကံကွင်း ကွန်ကရစ်လမ်းခင်းခြင်းဖွင့်ပွဲ အခမ်းအနား တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ကွန်ကရစ်လမ်းခင်းထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ အဆိုပါ ဝါးခယ်မမြို့နယ်ရှိ၊ ပ-ဆ-င လမ်းမှ အူကျွန်း-ကံကွင်း လမ်းသည် (၈)မိုင်ရှည်လျား၍ (၄၄)ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကာ ကျေးရွာပေါင်း (၂၅)ရွာရှ ိဒေသခံပြည်သူများအား အကျိုးပြုနိုင်မည်ဖြစ်၍ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအစရှိသည့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ သွားလာဆောင်ရွက်နိုင်ရေး ကျန်ရှိသည့် လမ်းပိုင်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)