ကျိုက်ထိုမြို့နယ်၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၂/၂၀၂၂ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၂/၂၀၂၂ ဖွင့်ပွဲကျင်းပ



MNP -  မတ်   ၂၆

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ စီစဉ်ဖွင့်လှစ်သည့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၂/ ၂၀၂၂ ဖွင့်ပွဲကို မတ်လ (၂၅) ရက် နံနက်ပိုင်း က ကျိုက်ထိုမြို့၊ မြိုနယ်သာသနာ့ဗိမ္မာန် ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူးဦးဆန်းဝင်းအောင်က မျိုးဆက်သစ် လူငယ်များ ပေါ်ပေါက်လာစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ် ဖြင့်စနစ်တကျ ပြုစုစောင့် ရှောက်တတ်စေရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များ ဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီ သူနာပြုဒုတပ်ဖွဲ့မှူး ဦးသူရအောင်က ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရှေးဦးသူနာပြုစုခြင်းအားစိတ်ပါ ဝင်စားသည့် သင်တန်းသား သင်တန်းသူ (၃၀) ဦးတက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြ ၅ ဦးတို့က နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာများကို စာတွေ့ (၄) ရက်ကြာ သင်ကြားပို့ ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဝင်းမောင်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)