မိုးညှင်းမြို့နယ်အတွင်း မိုးသက်လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်အတွင်း မိုးသက်လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်





MNP - မတ်    ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ ဘီလူးကျေးရွာအုပ်စုနှင့် ပင်လုံကျေးရွာအုပ်စုများတွင် မိုးသက်လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်များကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မိုးညှင်းမြို့နယ်အတွင်းရှိ ဘီလူးကျေးရွာအုပ်စုတွင် မတ်လ(၂၅)ရက် နံနက်ပိုင်းက မိုးသက်လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁၅)လုံးမှ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၆၄)ဦးနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်း တန်းဖိုးငွေကျပ် တစ်ဆယ့်ငါးသိန်းသုံးသောင်းနှင့် ဆန်ရိက္ခာ (၇)ရက်စာအတွက် တန်ဖိုးငွေကျပ် (၁၃၄၄၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၆၆၄၄၀၀)သိန်းအား လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စုတွင် မတ်လ(၂၆)ရက် မွန်းလွဲ(၂)နာရီ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ခြောက်သိန်းလေးသောင်းနှင့် အိမ်ထောင်စု (၇)စု၊ လူဦးရေ (၃၂)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေကျပ် (၆၇၂၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၇၀၇၂၀၀)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ တစ်အိမ်ထောင်စာတို့အား လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာနေရာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်းများက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)