ရသေ့တောင်မြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ






MNP ၊ မတ် ၃၁

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှစတင်ကာ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဥက္ကဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင် များက စာစစ်ဌာနများသို့ သွားရောက် ကြီးကြပ်ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားပေးခြင်းနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရသေ့တောင်မြို့နယ်၌ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၁၀၄၄)ဦး၊ အလွတ်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ(၁၉၉၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀၃၈)ဦးရှိရာ ယနေ့၊ မြန်မာစာဘာသာအား ဖြေဆိုသူ(၂၇၃၄)ဦးရှိပြီး၊ပျက်ကွက်သူ(၃၀၄)ဦး၊ဖြေဆိုရာခိုင်နှုန်းမှာ(၈၉.၉၉)ရာခိုင်နှုန်းဖြစ်ပြီး၊ပျက်ကွက်(၁၀.၀၁)ရာခိုင်နှုန်းဖြစ်‌‌ ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။

ရသေ့တောင် မြို့နယ်အတွင်း စာစစ်ဌာနစုစုပေါင်း (၈)ခုရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် အ.ထ.က-၁၊ အထက၂၊ အမက ၂ ၊ အမက ၄၊ မေယုခန်းမ၊ အားကစားခန်းမ၊ အလိုတောင်ပြည့်ကျောင်းတိုက်၊ သာသနာ့ဇောတိပါလကျောင်းတိုက်၊ စေတီယဂ်ဏကျောင်းတိုက်နှင့် ဇီးကိုင်းစာစစ်ဌာနကို စစ်တွေအထက(ခွဲ) အလက(၅) ရေတပ်ကျောင်းစာစစ်ဌာနတို့တွင် အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)