ကံမမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

 



MNP - မတ်    ၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ  ကျင်းပနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြ သည်။

အဆိုပါ အစည်းအဝေး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက ၂၀၂၂ ခုနှစ်  တက္ကသိုလ် ဝင်တန်းစာမေးပွဲ အေးချမ်းစွာကျင်းပနိုင်ရေး၊ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် စီမံဆောင်ရွက်ထားရှိသည့် လုပ်ငန်းများ အား ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သိရသည်။

သတင်း - ကျော်ဇေယျဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)